မိုင်းရယ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုင်းရယ် ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ မိုင်းရယ်-ကျေးသီး လမ်းဘေး နေရာ၌ ပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးရေးပွဲတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံဦးအေးမြင့်အောင်တို့က ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများထံ ပျိုးပင်များ ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပ်ရင်း တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖနှင့်ပြည်သူများက မယ်ဇလီ ၂၀၀၊  ခါတော်မီ ၅၀၊ ရေသင်းဝင် ၁၀၀၊ ယမနေ ၃၀၀ နှင့် ကျွန်း ၅၀၊ ပန်းဝါ ၅၀ ခရေ ၃၀ နှင့် ထင်းရှူး ၂၀ စုစုပေါင်း သစ်ပင် ၈၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်