ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာဘုရားကြီး၌ ဌာနဆိုင်ရာများ စုပေါင်းပြီး ပြည်သူ့အကျိုးပြု သန့်ရှင်ရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့က အပတ်စဉ် (စနေ ၊ တနင်္ဂနွေ)နေ့များတွင် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားကြီးသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီက ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

တာချီလိတ်မြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ပိုစတာများ စိုက်ထူ

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” “Solution to Plastic Pollution” ခေါင်းစဉ်ဖြင့် အထိမ်းအမှတ်ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြသည်။

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် စရိတ်နှင့်  ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယ​နေ့နံပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ​မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​ဇော်မျိုးဝင်း၊ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်မိသားစုစည်းရုံး​ရေးနှင့် စည်းကမ်းထိန်းသိမ်း​ရေး​ကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွား စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါတ်တာဝင်းဇော်ဦးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်၏ ကျောင်းထိုင်နေရာအား ပဓာနနာယက ဆရာတော်အရှင်ဃောသိတကို ကျောင်းထိုင်နာယက ဆရာတော်အဖြစ် တင်မြှောက်ခြင်း ကျောင်းတင်၊ ကျောင်းအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်၏ ကျောင်းထိုင် ပဓာနနာယက ဆရာတော် အရှင်ဃောသိတကို  ကျောင်းထိုင်နာယက ဆရာတော်အဖြစ်တင်မြှောက်ခြင်းကျောင်းတင်၊ ကျောင်းအပ် ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မင်းကုန်းပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်ဆီထွက်သီးနှံစုံ ၈၂၀၁ ဧက လျာထားစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံဧက ၈၂၀၁ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to