မန္တလေးမြို့ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၇၀x၇၁ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက် တွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန ပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းနှင့် ပြည်နယ်လက်ရွေးစင် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သီးနှံစိုက်ဧကများပေါ်တွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးရေး စံပြစိုက်ကွက်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

စကိုင်းနက်ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး ပထမနေ့ ကွာတာဖိုင်နယ်ပွဲစဉ်များကျင်းပ

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်ထိ ထိုး‌ဖောက်နိုင်‌စေရန်‌ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ ရွှေသံလွင်မီဒီယာကစီစဥ်ကျင်းပသည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ပထမနေ့ကွာတာဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ (၁၆)ကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လစဉ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက(၁၆)ကြိမ်​မြောက် ဆွမ်းဆန်လှူဒါန်းခြင်းကို ဝမ်​နောင်ဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့​ကြောင်း သိရသည်။

တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်မဟာပင်္ဂလာစေတီဘုရားကြီး၏ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကိုနှစ်စဉ် နယုန်လပြည့်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါဘုရား အာရုံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် အင်ဂျင်နီယာဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Drawing & Estimate ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အင်ဂျင်နီယာဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Drawing & Estimate ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်(၂)ဆောင်ရွက်ချက်အရ ဘဝသစ်မေတ္တာမိဘမဲ့ဂေဟာသို့ ဌာနဆိုင်ရာများက နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက်(၈း၃၀)အချိန်က မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိကြသူများက ပန်းခင်းစီမံချက်(၂) ဆောင်ရွက်ချက်အရကောင်းမှုတုံရပ်ကွက်၊ ကောင်းမှုလွယ်နယ်မြေရှိ မိဘမဲ့ဂေဟာအဆောက်အဦးသစ်မြေ ပန္နက်ချအခမ်းအနားနှင့် ကလေးများအတွက် အဝတ်အစားများထောက်ပံ့ပေးအပ်ခြင်း၊ လိုအပ်သော ကျန်းမားရေးစောင့်ရှောက်မှုများအပြင် နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Photoshop ဖြင့် လက်ကမ်းစာစောင်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Photoshop ဖြင့် လက်ကမ်းစာစောင်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက် ရောဂါအကြောင်း ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ဟောပြောပွဲပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက သပြေကုန်းရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to