ဖြူးမြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units)နှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် Alt GIS နည်းပညာအသုံးပြု၍ Census Units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းအား ယနေ့နံနက် (၉)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။