ခိုလမ်မြို့၌ ဗုဒ္ဓ/ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပ

ခိုလမ် ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ဗုဒ္ဓ/ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဖွင့်ကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က ရွှေစေတီကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဦးဇောတိကမှ တက်ရောက်လာသော ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဆုံမ‌ဩဝါဒ မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ဆရာတော် ဦးပရမနဒ္ဒက ဩကာသကန်တော့ချိုး၊ (၅)ပါးသီလဆောက်တည်ခြင်း၊ ဆုံးမဩဝါဒမိန့်ကြားခြင်းတို့ကို ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ ကုသိုလ်ယူနိုင်စေရန်အတွက် မိန့်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မေဇင်မူလတန်းကြိုကျောင်းမှ ကျောင်းတာဝန်ခံ ဒေါ်နန်းခင်စန်းယုမှ သင်တန်းတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မိမိတို့တက်ရောက်ရမည့် အတန်းအလိုက် ဆရာမများနှင့် မိတ်ဆက်ပေးခြင်း၊ ဓမ္မစကူလ်းသင်တန်းသည် စာသင်ကျောင်းများအတွက် ထိခိုက်မှုမရှိခြင်းနှင့် မိမိတို့သက်ဆိုင်ရာအတန်းအလိုက် ဓမ္မစာပေများကို စိတ်ပါဝင်စားစွာလေ့လာကြရန် ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)