နတ်မောက် ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ ၃၄၂၄၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၄၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၅၄) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၂၈)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂၉)ကျောင်း၊ အခြေခံပညာမူလတန်း(၃၅)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၅)ကျောင်း၊ စုစုပေါင်း (၂၁၂) ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၄၂၄၄)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လှဝင်း