ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား GAP နည်းပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများ ရရှိစေရန်အတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးသော တောင်သူများအား GAP နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအား အထောက်အကူပြုစေရေး၊ ပြည်သူလူထုမှသစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး  သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်

လပွတ္တာမြို့၌ လယ်ယာမြေဥပဒေ အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီချိန်က လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမတွင် ကျင်းပခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ပန်းခင်းစီမံချက် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဇောင်ချမ်းတောင်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူပြည်သူများအား လူဝင်မှုကြီ းကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဇောင်ချမ်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ပြုလုပ်ပေးခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ရွှေကူမြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ မိုးရာသီလူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှေ့တွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "ပလတ် စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ဟူသောဆောင်ပုဒ်နှင့် အညီ ပလတ်စတစ်ထုတ်လုပ်စွန့်ပစ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၏ အန္တရာယ်များအား သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက-(၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများတွင် ပြောင်းဖူးစိုက်ပျိုးမှုများလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင်တည်ရှိကာ လယ်ယာ၊ ကိုင်း၊ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်စားသောက်နေသောကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစု သည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုး ရောင်းချခြင်းဖြင့်စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။

 ၁၃ ရာစု နရသီဟပတေ့မင်းကြီးတည်ထားသည့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာဖူးမြှော်နိုင်

မန္တလေးတိုင်းဒသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းရှိ ၁၃ ရာစု (၁၂၈၄) ခုနှစ်၊ နရသီဟပတေ့မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စိမ်းဖန့်ဖန့်သဲကျောက်အုတ်တို့ဖြင့် တည်ထားသည့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။

ကျေးလက် စည်ပင်သာယာဈေးများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးလုံခြုံရေးအတွက် လျှပ်စစ်မီးသီးများ အစားထိုးလဲလှယ် တပ်ဆင်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေးများအား သန့်ရှင်းသာယာလှပရေးနှင့် ဈေးလုံခြုံရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဈေးအတွင်းအပြင်ရှိ မီးမလင်းသည့် မီးသီးများအား LED မီးသီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းနှင့် လျှပ်စစ်မီးလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to