ငါးသိုင်းချောင်းမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးရန် စာရင်းများကောက်ခံ

ငါးသိုင်းချောင်း ဇွန် ၅

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရပ်ကွက် အသီးသီးတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့နိုင်ရန် ဇွန် ၄ ရက်နေ့ နံနက်(၈)နာရီမှ ညနေ (၅)နာရီအချိန်ထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်စာရင်းများ ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်နိုင်ရေး စာရင်းကောက်ရာတွင် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင်ပြုလုပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဖွဲ့ဝင်များ ဆောင်ရွက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ၂နှစ်အောက် ကလေးငယ်များ၏ မိခင်များလာရောက် စာရင်းပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)