ပေါင်းတည်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာသင်တိုက်ကျောင်းဝင်းတွင် သစ်ပင်များစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ သစ်ပင်များစိုက်ပျိုးထူထောင်ခြင်းကို မြို့နယ်သစ်တောဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် မဟာဝိသုတရာမ စာသင်တိုက်ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ (၂၀၂၂-၂၀၂၃)ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ (၂၀၂၂-၂၀၂၃)ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့ မြန်အောင်ရပ် သဲကွင်း(၁)လမ်းရှိ  ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် ကျင်းပခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (၅) လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်(တ) ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးနေအိမ် (၅) လုံးအတွက် ထောက်ပံ့ ပေးအပ်ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁:၃၀) နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

မိုခါမုန်တိုင်းဒဏ်ခံရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များ စာပေလေ့လာ ဖတ်ရှု‌မှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူငယ်နှင့်စကားကြီး‌ ခြောက်ခွန်း ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့်  အခက်ခဲနှင့်အောင်ပွဲ  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးပေးလျက်ရှိ ၂၀၂၃ ခုနှစ် မိုးသီးနှံအတွက် ချေးငွေပေါင်း ၆၇၉၃၀ သိန်း ထုတ်ချေးပေးရန် လျာထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို၊ မေလ(၁၈) ရက်နေ့မှ စတင်ထုတ်၍ ဘူတာ ရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် မိုးသီးနှံအတွက် ချေးငွေပေါင်း ၆၇၉၃၀ သိန်းထုတ်ချေးပေးသွားရန် လျာထား ကြောင်း သိရပြီး၊ ဇွန်လ(၅)ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၅၂၄၈ သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြေပုံမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဌာဝန်ထမ်းများ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မိုးဦးကျကာလဖြစ်ပွားတတ်သေ ာရောဂါများအကြောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကရွာသာယာကျေးရွာနှင့် မီးလောင်ချောင်းကျေးရွာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၁)နာရီက သုံးထပ်ဆောင် အစည်းအဝေး ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to