ကျောက်တံတားမြို့နယ်တွင် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် “တီဘီရောဂါ ကင်းဝေးဖို့အားလုံး လက်တွဲပါဝင်လို့ စက္ကန့်မနှေးဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန မှဦးစီးဆောင်ရွက်သော တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃) ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။