သံတွဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင်သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သပြေပင်စိုက်ပျိုးသူများသည် သပြေငုတ်ပန်း အဖြစ်လည်းကောင်း၊ အပင်ကြီးထား၍ အကိုင်းအညွှန်အား ချိုးယူ၍ ဘုရားပန်းအဖြစ်လည်းကောင်း အမျိုးမျိုးရောင်းချကြကြောင်း၊ အညွှန်ချိုးယူရောင်းချသူများအနေဖြင့် အညွှန့် (၁၀) ညွှန့်ပါသပြေကိုင်း (၃) ကိုင်းတစ် စည်းအား ငွေကျပ်နှစ်ရာဖြင့် ရောင်းချလျက်ရှိရာ နေ့စဉ်ဝင်ငွေရရှိသဖြင့် သပြေပန်းစိုက်ပျိုး ရောင်းချသူမိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

အုတ်တွင်းမြို့နယ်၌ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် Ait GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လာရောက်ရင်း ဗုဒ္ဓစာပေများ ထားရှိခဲ့သည့် ပိဋကတ်တိုက်သို့ လာရောက်လေ့လာနိုင်

မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းရှိ ဗုဒ္ဓစာပေများထားရှိသော ပိဋကတ်တိုက်သို့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ပညာသင်ကြားနေမှုအား‌ သက်ဆိုင်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ကျောင်းကို ဇွန်လ (၁) ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာနှင့် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာ တို့တွင် ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
Subscribe to