အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဌာဝန်ထမ်းများ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

အမ်း ဧပြီ  ၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မိုးဦးကျကာလဖြစ်ပွားတတ်သေ ာရောဂါများအကြောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကရွာသာယာကျေးရွာနှင့် မီးလောင်ချောင်းကျေးရွာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကိုအမ်းမြောက် အုပ်စုရွာသာယာကျေးရွာ အခြေခံပညာကျောင်းနှင့် မီးလောင်ချောင်းကျေးရွာ အခြေခံပညာစာသင်ကျောင်းများ၌ ကျေးရွာလူထုဖြင့် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါများ၊ မေးခိုင်နှင့် အခြားကျန်းမာရေးအကြောင်းအရာများအား ဟောပြောဆောင်ရွက်ခဲ့ရာ ပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ​ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)