ကျောက်ပန်းတောင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို၊ မေလ(၁၈) ရက်နေ့မှ စတင်ထုတ်၍ ဘူတာ ရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် မိုးသီးနှံအတွက် ချေးငွေပေါင်း ၆၇၉၃၀ သိန်းထုတ်ချေးပေးသွားရန် လျာထား ကြောင်း သိရပြီး၊ ဇွန်လ(၅)ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၅၂၄၈ သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉၃)အုပ်စမှ၊ တောင်သူ ဦးရေ(၁၃၆၆၈)ဦးတို့အား၊ စိုက်ပျိုးစရိတ် ချေးငွေပေါင်း (၆၇၉၃၀)သိန်းကို ထုတ်ချေးပေးသွားရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး၊ ယနေ့အထိ ချေးငွေဟောင်း တာဝန်ကျေ ပေးဆပ်ပြီးသည့် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ တောင်သူ ၁၁၅၃ ဦးတို့အား ချေးငွေပေါင်း ၅၂၄၈.၅ သိန်း ထုတ်ချေး ပြီးဖြစ်ကြောင်းနှင့် ကျန်တောင်သူများ အနေဖြင့်လည်း ချေးငွေဟောင်းများ တာဝန်ကျေ ပေးဆပ်ပြီးပါက၊ ချေးငွေသစ်များ ထပ်မံထုတ်ချေးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် အချိန်မီ လာရောက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်မန်နေဂျာ ဦးမောင်မောင်ဦးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)