ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး သွန် လဲ စစ် လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် အခြေခံပညာ ကျောင်းများရှိ ရေအုတ်ကန်များ၊ မိုးရေလှောင်ကန်များအတွင်း ခြင်သားပေါက်လောက် လောင်းများကင်းဝေးစေရန် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး သွန် စစ် လဲ ပညာပေးလုပ်ငန်းများနှင့် လက်တွေ့ ကျောင်းသားကျောင်းသူများ၊ဆရာ/မများနှင့်လုပ်ဆောင်ခြင်းအား ဇွန် ၆ ရက်၊ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေ့နံနက်(၁၀)အချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့အားကစားလောက ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည့် အားကစားစီမံခန့်ခွဲသူများပေါ်ထွက်လာစေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)အုပ်ချုပ်မှုရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

နမ္မတူတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် Community Centre အတွင်းမူးယစ်ဆေးဝါးအကြောင်း အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာန ခန်းမအတွင်း ပြုလုပ်ခဲ့သည်။ 

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ထနောင်းစုကျေးရွာစာသင်ကျောင်းသို့ သောက်သုံးရေ ဂါလံ  ၈၀၀ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ထနောင်းစုကျေးရွာ စာသင်ကျောင်းသို့ ရွာသို့ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံးရေ ၈၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူ တော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့နံနက်(၁၀:၃၀)အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို လာရောက်ထိုးနှံပေးခဲ့ပါသည်။

တမူးမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေပြီး အပူဒဏ်အန္တရာယ် လျော့နည်းစေရန်နှင့် သစ်တောများ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်စေရန်အတွက် ပျိုးပင်များကို သစ်တောဦးစီးဌာန ပျိုးဥယျာဥ်ခြံ၌ စနစ်တကျပြုစု ပျိုးထောင်ထားကြောင်း သိရသည်။

ရေကြည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်‌နေ့ နံနက်(၉)နာရီအချိန်က ကျုံပျော်-ရေကြည်ကားလမ်းမ သံလမ်းကုန်းလမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်း လိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to