မြစ်ကြီးနားမြို့ (Community Centre)၌ အဆင့်မြင့် ပန်းအလှဆင်/ပြင်နှင့် ပူပေါင်းအလှဆင်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ အဆင့်မြင့် ပန်းအလှပြင်၊ ပန်းအလှဆင်နှင့် ‌ပူပေါင်းအလှဆင်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ သည်။

လိပ်သိုမြို့၌ “အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့” အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က “အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့” အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ကျင်းပခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၃)သို့ တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပရာ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျောက်ဖြူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့(World Environment Day) အထိမ်းအမှတ် အခမ်းအနားပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြသည်။

မုံရွာမြို့သစ်တောဦးစီးဌာန၌ ပျိုးပင်ပေါင်း (၂၁၆၄၀၀) ပျိုးထောင်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် ပျိုးဥယျာဥ်များတွင် ၂၀၂၃ ခုနှစ်အထိ ပျိုးထောင်ထားရှိမှုမှာ စုစုပေါင်း (၂၁၆၄၀၀)ပင်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောဈေးကောင်းသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက်ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ ရဲဘော်ကြီး၊ သင်ပျိုကျေးရွာများတွင် ငှက်ပျောအများဆုံး စိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောအဖီးခြောက်ဖီးပါ ငှက်ပျောခိုင် (၄၀)ပါလှည်းတစ်စီး ငွေကျပ်(၂)သိန်း ခုနှစ် သောင်းကျပ်ဖြင့် ရောင်းချရပြီး ဈေးကောင်း ရသဖြင့် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သပြေကုန်းဘိုးဘွာရိပ်သာနှင့် အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် အအေးများ ဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ  ယမန့်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ သပြေကုန်းဘိုးဘွာရိပ်သာသို့ သွားရောက်၍ သက်ကြီးဘိုး/ ဘွားများအား တစ်နေ့စာ ထမင်းအဟာရများ ကျွေးမွေးလှူဒါန်းကာ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ ပခုက္ကူ ဇွန် ၆ ခရိုင်(ပြန်/ဆက်)

ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်မှ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တပ်မတော်မှ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ စမြုံတော်ဓာတ် စေတီ ဘုရားတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက် နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ပါသည်။
Subscribe to