စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာ‌ပေချစ်မြတ်နိုးသူများနှင့် Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲပိုင်းက စာ‌ပေချစ်မြတ်နိုးသူများနှင့် Youth Club အဖွဲ့ဝင်များစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါး မျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မိုးစပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ် ပျိုးထောင်နည်း လက်တွေ့ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ပျိုးထောင်နည်းကို ယနေ့ နံနက် ၇ နာရီက မကျီးအင်းကျေးရွာနှင့် ရှမ်းစုကျေးရွာများ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ ဟင်္သာတမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။

နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားလျက်ရှိ

“လူသားအားလုံးကျန်းမာဖို့ သစ်တောများကိုထိန်းသိမ်းစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်တောများပြုန်းတီးမှုမှ ကာကွယ်ရန်နှင့်မျှတသော ရာသီဥတုကိုရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနတွင် ပျိုးပင်များကို ပျိုးထောင်ထားစိုက်ပျိုးထားရှိကြောင်း သိရသည်။

မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျုတီကုတ် နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၏သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက စဉ့်ကူးမြို့ မြို့မရဲစခန်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာသင်ကြား

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to