ချမ်းမြသာစည် ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များ စာပေလေ့လာ ဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူငယ်နှင့်စကားကြီး ခြောက်ခွန်း ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် စကားပြောဆိုရာတွင် ဆောင်သင့်/ရှောင်သင့်သည့် အချက်များ၊စကားအရာ လိမ္မာယဉ်ကျေးသင့်သည့် အချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စာပေစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများအဖွဲ့ (Book Club)နှင့် သုခုမရင်ပြင်စာပေတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ စာပေသုခုမ ရင်ပြင်မှ စာရေးဆရာ ဘုန်းဇော်မိုး(ဥဿာ)နှင့် စိုင်းမြတ်သူ (ရွှေဘို)တို့က ဆွေးနွေးခဲ့ကြပြီး အဆိုပါ စကားဝိုင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (ပြန်/ဆက်)