မြေပုံမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

မြေပုံ ဇွန် ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အသက်(၂)လမှ (၂)နှစ်အောက် ကလေးများအား အဆုပ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲရောင်/အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ (၅)မျိုးစပ်၊ ပိုလီယို သောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိသည်။

ထိုနည်းတူစွာ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ၌သတ်မှတ်စုရပ်နေရာများ သတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း