ဒလ ဇွန် ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အခက်ခဲနှင့်အောင်ပွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်ဒေါ်မြင့်မြင့်ဝင်းက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အခက်ခဲနှင့်အောင်ပွဲစာအုပ် ထဲမှာပါသည့် ကျောက်ဆောင်သည်မုန်တိုင်းကိုမမှု၊ သန်းကြွယ် သူဌေးဖြစ်ချင်သလား၊ ပျော်ရွှင်ရေးနှင့်ကျန်းမာ မှုခေါင်းစဥ်များဖြင့် တက်ရောက်လာသော စာပေချစ် ဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မား လာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း အပြင်သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေး လျက်ရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)