ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းနယ်မြေ ဗူးဘုရားစေတီတော်ကြီး မိုးကြိုးထိ၍အနည်းငယ်ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စု တောင်ဘီကျေးရွာအနီးတည်ရှိသော ဗူးဘုရားစေတီတော်မြတ်ကြီး ယမန်နေ့ ည ၉ နာရီအချိန်က မိုးကြိုးစက်ကွင်းမိကာ အနည်းငယ်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။

ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပ ဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင် အခမ်းအနားတွင် ကြာပွင့်(၅၀၀၀)၊ ကြာရွက်(၄၀၀၀)လှူဒါန်းပူဇော်

ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတု ပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကြာပွင့်ပေါင်း(၅၀၀၀)၊ကြာရွက်ပေါင်း(၄၀၀၀)ပါဝင်ပူဇော်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် Ait GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက်ရေးဆွဲခြင်း လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စတင်ဆောင်ရွက်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်းPPTT(၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်း အနားတက်ရောက်

ပုသိမ်ပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါကောလိပ် ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေး ကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့က ဘိုးနက်ကျေးရွာမှ တောင်သူ(၁၀၁)ဦး၏ စိုက်ဧက(၆၈၂) ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၀၂,၃၀၀,၀၀၀)ကျပ် ထုတ်ချေးပေးခဲ့သည်။

ဂွေးတောက်ပင်စိုက်ပျိုးကာ အရွက်နုများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိရိုးဖလာတောင်သူ လုပ်ငန်းများနှင့် အတူ တစ်ပိုင်တစ်နိုင် စားဖိုချောင်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့်အနက် ဂွေးတောက်ပင်အပုမျိုးများကို လည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေ များ ရရှိကြောင်း သိရသည်။

ဗူးပင်စိုက်ပျိုးကာ အသီး/အရွက်ရောင်းချခြင်းဖြင့် မိသားစုအတွက်အပိုဝင်ငွေရရှိ

စားဖိုချောင်အတွက် နေ့စဉ်ချက်ပြုတ်ရာတွင် ဟင်းသီး/ဟင်းရွက်သည်    အဓိကစားသုံးစရာဖြစ်ရာ ဗူးရွက်/ဗူးသီးပင်မှာလည်း စားသုံးသူများပြားသည့် အပင်ဖြစ်သည့်အတွက်    စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိနိုင်ကြောင်းသိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်‌ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စားရေရိက္ခာများ ထောက်ပံ့ ပေးအပ်

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များသည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး၍ ဆေးကုသမှုခံယူနေသူများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(SOP)စီမံချက်ရှင်းလင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (SOP)စီမံချက် ရှင်းလင်းခြင်းကို ယနေ့ ဇွန်လ ၆ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်း၌ ကျင်းပခဲ့သည်။
Subscribe to