ကမမောင်းမြို့တွင် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများခတ်ခြင်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးတွင်းကာလ ရောက်ရှိလာပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများ သွေးလွန်တုတ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ကစ၍ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။