သာပေါင်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (SOP)စီမံချက် ရှင်းလင်းခြင်းကို ယနေ့ ဇွန်လ ၆ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (SOP)စီမံချက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေ မတည်ထောက်ပံ့ငွေများမှချေး ငွေထုတ်ချေးရေး စီမံချက်များကို တတ်ရောက်လာကြသော မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုနိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်