ရေဖြူ၌ နှစ်စဥ်ဝင်ငွေကောင်းရရှိသော ကွမ်းသီးပင်ကို ကျေးရွာအနှံ့အပြား၌ စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်သည် မြန်မာနိုင်ငံတွင် ကွမ်းသီးပင် စိုက်ပျိုး၍ဖြစ်ထွန်းသော ဒေသတစ်ခု အပါအဝင်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၉/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်းအမှတ်စဉ် (၉/၂၀၂၃) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

ဖျာပုံမြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်နို င်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှု ကော်မတီမှနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းရှင်များအား ချေးငွေထုတ် ပေးခြင်းကို ဇွန်လ (၆)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

ကသာပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT-၉/၂၃) သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားပြုလုပ်

ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT-၉/၂၃) သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၆ ရက်နေ့ နံနက်ပိုင်းက မိခင် နှင့် ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်တို့ တွင် ထိုးနှံပေးလျက်ရှိကြသည်။

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် စာချွန်ခံရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ (မြစ်ကြီးနားမြို့)ရှိ ပယင်းအချောထည်ဆိုင်ခန်းများ စနစ်တကျ ရောင်းချနိုင်ရေးနှင့် ကျောက်မျက် အချောထည်များ ဈေးကွက်ဖော်ဆောင်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)ပိုင် ဧရိယာအတွင်း တည်ဆောက်ဖွင့်လှစ်ထားရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ပယင်း အချောထည်ဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ညောင်ဦးခရိုင်၌ ကျောင်းသား/ကျောင်းသူ ၇၅၇၈၄ ဦး ပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျက်ရှိပြီး ဇွန် ၆ ရက်နေ့ထိ ကျောင်းသား ကျောင်းသူ (၇၅၇၈၄)ဦး လာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံက သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စပျစ်သီးနှံများ စမ်းသပ်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆန်းစပါးကို အဓိကထား စိုက်လျက်ရှိရာ လယ်မြေများတွင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုးနှင့် ငရုပ်၊ ငှက်ပျော၊ ကွမ်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း ဘုံကွင်းကျေးရွာတွင် စပျစ်သီးနှံများလည်း စမ်းသပ်စိုက်ပျိုးလာကြောင်း သိရသည်။

ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ ပေါက်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေး ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်များ အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to