ကျောက်ဖြူ ဇွန် ၇
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များသည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး၍ ဆေးကုသမှုခံယူနေသူများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များသည် ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ၎င်းကျောင်းတိုက်အတွင်း မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများကို သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး လူတစ်ဦးလျှင် အမယ် ၅ မျိုးပါရှိသည့် ၇ ရက်စာ ရိက္ခာထုပ်များနှင့် သောက်ရေသန့်ကဒ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ မြို့သန့်ရှင်းသာယာလှပရေးအတွက် ကျောက်ဖြူလေဆိပ်အနီးတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ/စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ/ စစ်သည် များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များမှ စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။