ဗူးပင်စိုက်ပျိုးကာ အသီး/အရွက်ရောင်းချခြင်းဖြင့် မိသားစုအတွက်အပိုဝင်ငွေရရှိ

မြင်းမူ  ဇွန်  ၇

စားဖိုချောင်အတွက် နေ့စဉ်ချက်ပြုတ်ရာတွင် ဟင်းသီး/ဟင်းရွက်သည်    အဓိကစားသုံးစရာဖြစ်ရာ ဗူးရွက်/ဗူးသီးပင်မှာလည်း စားသုံးသူများပြားသည့် အပင်ဖြစ်သည့်အတွက်    စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိနိုင်ကြောင်းသိရှိရသည်။

ဗူးပင်သည်စိုက်ပျိုးရလွယ်ကူပြီး ရှင်သန်လွယ်သောအပင်မျိုးဖြစ်ကြောင်း၊   အများအားဖြင့် ကဆုန်လ မှနယုန်လနှင့်    မိုးနှောင်း တော်သီလင်းလမှ   တန်ဆောင်မုန်းလများသည် ဗူးစိုက်ရာသီဖြစ် သော်လည်း မြေအစိုဓါတ်ကောင်းစွာရှိပါက ရာသီမရွေးစိုက်ပျိုးနိုင်သော အပင်မျိုး ဖြစ်ကြောင်း၊ ပင်ကြားတန်းကြား(၆)ပေစီထားရှိကာ (၁)ပေ အနက်ကျင်းတူးကာ မြေဆွေး မြေများ ရောနှောထည့်သွင်းပြီး  (၃)လက်မအနက်တွင် ဘူးစေ့(၄)စေ့ခန့်မြုပ်၍ စိုက်ပျိုးပြီး  သန်သောအပင်ကို သာထား ရှိရန်လိုအပ်ကြောင်း၊ အပင်ရင်းတွင်‌သာ‌ရေပေးရန် လိုအပ်ကြောင်း၊      စိုက်ပျိုးပြီးအပင်ကြီး ထွားမှုအပေါ်ကြည့်၍ (၇၅)ရက်မှရက်(၉၀)တွင်    အသီးများရရှိနိုင်ကြောင်း၊  အသီးများ မဆွတ်ခူး မီအချိန်တွင် အသီးကို အားပေးသည့်အညွန့်ကိုထားရှိပြီး ကျန်ရှိသော အညွန့်များကို ခူးယူရောင်း ချရသည်ဖြစ်၍ ဝင်ငွေစတင်ရရှိနိုင်ကြောင်း၊ ဗူးသီးမှာ မိသားစု အတွက်ချက်ပြုတ် စားသောက်ဖွယ်ရာ ဟင်းလျာအပြင်ဗူးသီးကြော် ရောင်းချ သည့် ဆိုင်များမှလည်းဝယ်ယူအသုံးပြုသည်ဖြစ်ရာ ဝယ်လိုအားရှိသည့်အသီးဖြစ်

သည့်အတွက် ‌ရောင်းချရာတွင်အဆင်ပြေကြောင်း မိသားစုတစ်ပိုင်တစ်နိုင် သီးနှံပင်စိုက် ပျိုး‌ရောင်း ချနေသူ ဦးအောင်ဖုန်းမြတ်ထံမှသိရှိရသည်။

ယခုအချိန်တွင် ဗူးညွန့် (၆)ညွန့်လျှင်   ငွေကျပ် (၅၀၀)နှင့် ပုံမှန်  ဗူးသီးတစ်လုံးလျှင်ငွေကျပ် (၇၀၀)ခန့်ရရှိကြောင်း၊   ဗူးပင်(၁၀)ပင်စိုက်ပျိုးထားရှိပြီး    ဗူးညွန့်ရောင်း ချရသည့် တစ်ရက်ဝင် ငွေမှာ ငွေကျပ်(၄၀၀၀)ခန့်ရရှိနိုင်ပြီး  (၅)ရက်လျှင် တစ်ကြိမ်ခူး ယူရောင်းချနိုင်ကြောင်းသိရှိရ သည်။

အောင်စိုးဖေ(မြင်းမူ)