သဲကုန်းမြို့နယ် ​​ကျေးလက်​ဒေသ ဖွံ့​ဖြိုးတိုးတက်​ရေးဦးစီးဌာနတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍ​ရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်​ရေးလုပ်ငန်းများ ချ​ပြရှင်းလင်း​ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန​မှ ပြည်​ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း/ တံတား၊ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ရမည့် ကုမ္ပဏီများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊​မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ အဖွဲ့ဝင်ဌာနဆိုင်ရာဦးစီးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများ၊​ ကျေးရွာ​ကော်မတီအဖွဲ့ဝင်များနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍ​ရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်​ရေးလုပ်ငန်းများ ချပြရှင်းလင်း​ခြင်း အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ ကလေးငယ် များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စုရပ်ကာ အုပ်စု(၆)စုခွဲ၍ ရပ်ကွက်ရှိနေအိမ်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်၊ ကွင်းကောက်(မြောက်) ကျေးရွာမြတ်ဓမ္မရောင်ခြည် ဗိမာန်တော်၌ ဒေသဖွံ့ဖြိုး ရေးအတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြအင်္ဂပူမြို့နယ်၊ ကွင်းကောက်(မြောက်) မြတ်ဓမ္မ ရောင်ခြည် သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည် ပြုလုပ်နည်းလက်တွေ့ပို့ချ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနရုံးနှင့် ငါးလုပ်ငန်း ဦးစီးဌာနရုံးများသို့ သွားရောက်ငှားရမ်းပေးသည်။

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝူရှူးအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ရွှေကူမြို့ ဂုဏ်ဆောင် တတိယရရှိသူအား ဂုဏ်ပြုကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝူရှူးအားကစား ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ဂုဏ်ဆောင် အားကစားသမား မောင်နေဝင်းထွဋ်အား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့တော်ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဆွေးမြေ့နေသော သက်တမ်းရင့် လက်ပံပင်ကြီး နေအိမ်တစ်လုံးပေါ်သို့ လဲကျမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁၀)ရပ်ကွက်၊ အုပ်စု(၁)၏ လမ်းဘေးမှ သက်တမ်းရင့် လုံးပတ် ၁၀ ပေခန့်ရှိသော လက်ပံပင်ကြီးသည် ပင်ခြေ၌ ပိုးဝင်ကာဆွေးမြေ့လာ၍ လမ်း၏အရှေ့ဘက် လူနေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ည ၁၀ နာရီခန့်က လဲကျခဲ့သည်။

အိမ်မဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် တလုတ်ကုန်းကျေးရွာအမက ကျောင်းအမိုးလန်ပျက်စီးပြီး ပြန်လည်ပြင်ဆင်ထားရှိမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တလုတ်ကုန်းကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် အ.မ.က ကျောင်းအမိုးလန်ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ယနေ့နံနက် ၁၀ နာရီတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးညွှန့်ဦးက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to