တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၃ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ ပလတ် စတစ် ညစ်ညမ်းမှုအန္တရာယ် သည် သိသာထင်ရှားသည့် သာမက ပလတ်စတစ်ကြောင့် ဖြစ်ပေါ် လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လျစ်လျူရှု၍ မရသလို ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင်လည်း အကောင်းဆုံးသော နည်းလမ်းများဖြင့် ဝိုင်းဝန်းအဖြေရှာကြရန်နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး ယခုလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါ ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ် တန်ချိန်ပေါင်း ၁၉ သန်းခန့်မှ ၂၃ သန်းခန့်အထိ ရောက်ရှိလျက်ရှိကာ အချင်း ၅ မီလီမီတာ အထိရှိသည့် ပလတ်စတစ် အမှုန်အမွှားများကို အစားအစာ၊ ရေနှင့် လေထဲတွင် တွေ့ရှိရပါကြောင်း၊ တစ်ခါသုံး ပလတ်စတစ်များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုသည် လည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်မှာ အကြောင်းအရင်းတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ် ညစ်ညမ်းမှုကို ဖြေရှင်းမည်ဆိုပါက မိမိကစပြီး ငြင်းဆိုရန်၊ အစားထိုးရန်၊ ပြုပြင်ပြီး ပြန်သုံးရန် အလေ့အကျင့်ကောင်းများဖြင့် ယနေ့အချိန်မှစ၍ လိုက်နာဆောင်ရွက်သင့်ပါ ကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြသည့် လုပ်ငန်းစီမံကိန်းများကို ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆုနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါ ကြောင်း၊ သန့်ရှင်းသော ကမ္ဘာမြေကြီးကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပလတ်စတစ် ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များနှင့် လူသားတို့ ၏ ကျန်းမာရေးကိုပါ ကာကွယ်စောင့်ရှောက်နိုင်‌ သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့က ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် သက်ရောက်မှုများကို လျစ်လျူရှုမထားဘဲ မှန်ကန်ခိုင်မာပြီး ထိရောက်စေသည့် အဖြေများ ကို ဝိုင်းဝန်းပူးပေါင်းရှာဖွေကြရန် လိုအပ်သည်ဖြစ်ရာ “ပလတ် စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဗီဒီယိုနှင့် အသိပညာပေး ဗီဒီယို ပြသမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဆုရရှိသည့် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်၏ ဗီဒီယိုအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ ဆုရရှိခဲ့သည့် မရဲ့အုန်းပင်စုကျေးရွာ၏ ဗီဒီယိုအားကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဆု ပထမဆု၊ နှစ်သိမ့်ဆုနှင့် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော နေရာဒေသဆု ပထမဆုနှင့် နှစ်သိမ့်ဆုများအားလည်ကောင်း၊ အမျိုးသား အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆုရရှိသည့် အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး)၏ ဗီဒီယိုများအားဆက်လက် ပြသပြီးနောက် တိုင်းဒေသကြီး အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Regional Clean and Green School Award) နှင့် အလွတ်တန်းဆောင်းပါး ဂုဏ်ပြုဆုများကို တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ သယံဇာတရေးရာဝန်ကြီးတို့က အသီးသီးဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)