မန္တလေး ဇွန် ၇
ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတု ပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကြာပွင့်ပေါင်း(၅၀၀၀)၊ကြာရွက်ပေါင်း(၄၀၀၀)ပါဝင်ပူဇော်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် ကြာပွင့်၊ ကြာပန်းကို ဥပုဒ်တော်အရပ်က ယူဆောင်လာခဲ့ကြောင်း၊ ကြာရွက်တစ်ရွက်တွင် ကြာပန်းတစ်ပွင့်(သို့မဟုတ်)နှစ်ပွင့် ထိုးဖောက်၍ အလှဆင်ထားကြောင်းနှင့် ကြာပွင့်၊ ကြာပန်းများကို ဗန်းမော်ဆရာတော်ဘုရားကြီး၏သရီရဓာတုပဝါဟနပူဇာ အရိုးဓါတ်ပြာတော်များ ရေမျှောအခမ်းအနားတွင် ထည့်သွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း ပန်းကုသိုလ်ပြုသူတစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)