တောင်ငူ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် Ait GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက်ရေးဆွဲခြင်း လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စတင်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်(ကေတုမတီမြို့သစ်)၊ တပင်ရွှေထီးရပ်ကွက်၊ မင်းကြီးဆွေရပ်ကွက်၊ နတ်သျှင်နောင်ရပ်ကွက်နှင့် သဝန်ငယ်ရပ်ကွက်တို့တွင် Ait GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဝင်းသန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများပူးပေါင်း၍ Computer/ Laptop/ Mobile Tablet များဖြင့် သန်းခေါင်စာရင်း ယူနစ်များရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
သန်းခေါင်စာရင်းယူနစ်များနှင့်မြေပုံများရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)