နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ရုပ်ကလာပ်တော် အန္တိမစျာပန အခမ်းအနား
ဗန်းမော်ကျောင်းတိုက်၊ အေးကမ္ဘာသာသနာ့ ဗိမ္မာန်တော်ကြီးမှ မဟာအောင်မြေမြို့နယ်၊ ဗန်းမော် ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ရုပ်ကလာပ်တော် ပင့်ဆောင်လာသည့် ကရဝိတ်ယာဥ်တန်းသည် ဆရာတော်ကြီး၏ အန္တိမစျာပန အခမ်းအနား ကျင်းပမည့် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက် -၄၁၀ (အေ)၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ မေမြို့သံလမ်း နှင့် စစ်ကိုင်းလမ်းခွဲကြားရှိ ချမ်းမြသာစည် လေယာဥ်ကွင်းဟောင်း အတွင်းသို့ ယမန်နေ့ ၁၇:၅၀ နာရီ အချိန်တွင် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။