ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ဇွန် ၇ ရက် နံနက် ၁၀ နာရီအချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ဝါးခယ်မမြို့နယ်ရုံး လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

သံတောင်ကြီးဒေသထွက် မရမ်းသီးခြောက်များဝယ်လိုအားကောင်း

ကရင်ပြည်နယ် ၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မရမ်းသီးပင် စိုက်ပျိုးခြင်းသည် လည်းတစ်ခု အပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် မရမ်းသီးခြောက်များ ဝယ်လိုအားကောင်းကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် မြန်မာ့လယ်ယာ,ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရတ်ချေးငွေများကို သတ်မှတ်ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ဘဏ်၌ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ရပ်ကွက်များနှင့်ကျေးရွာများအတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များအား တစ်လတစ်ကြိမ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ကျေးရွာကျန်းမာရေးဆေးပေးခန်းများ၊ တိုက်နယ်ဆေးရုံများနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ

ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေးအတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေး စိတ်ပညာပါရဂူ) ရေးသားသည့် “ ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု သွားရောက်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၅ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ၊ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ စာသင်ကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။

ဆုထူးပန်အဘိဓမ္မာထွန်းကားပြန့်ပွားရေးအသင်းက ကြီးမှူးဖွင့်လှစ်သော စတုတ္ထအကြိမ်မြောက် အဘိဓမ္မာသင်တန်းဖွင့်လှစ်

ဆုထူးပန်အဘိဓမ္မာထွန်းကားပြန့်ပွားရေးအသင်းကကြီးမှူးဖွင့်လှစ်သော "စတုတ္ထအကြိမ်မြောက်အဘိဓမ္မာသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ အင်းလျားရွာသစ်ကျောင်းတိုက်ဝင်းရှိ အနန္တဂုဏ်ရည်ကျောင်းဆောင်သစ်ကြီး၌ ကျင်းပသည်။
Subscribe to