ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၂) မူလွန်အ-မ-က၊ သုံးခွအ-မ-က ကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ ဒေသနေပြည်သူများ သွေးလွန် တုပ်ကွေးရောဂါမှ ကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းက အသုတ်မြို့ အမှတ်(၂) မူလွန်အ-မ-က၊ သုံးခွအ-မ-ကကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များအား သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဆောင်ရွက်ခဲ့ကြသည်။