ဝန်းသိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဝန်းသို ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် လူမှုဆက်ဆံရေးတို့တွင် များစွာအထောက်အကူပြုနိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခွင်ကြည်ကစာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “လူငယ်ဆိုတာ လန်းရမယ်” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ 

ထို့နောက် ဒေါ်ခင်မြလှိုင် (အငယ်တန်းစာရေး)က တန်ဖိုးရှိသော လူငယ်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သွင်ဇာဦး (ရုပ်သံကျွမ်းကျင်-၃) က ဗဟုသုတကတန်ခိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခက်မြတ်စိုး (စာကြည့်တိုက်လက်ထောက်-၃) က အောင်မြင်မှုဟူသည် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဒေါ်ခွင်ကြည် (ဦးစီးအရာရှိ)က ဝန်ထမ်းများ၏မေးမြန်းဆွေးနွေးမှုများအပေါ်ဖြည့်စွက်၍ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်း