နတ်မောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၇၇.၈၆) အောင်ချက်ရာခိုင်နှုန်းရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)စာစစ်ဌာနတစ်ခု၌ ကျောင်းသား/သူ (၅၆၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၄၃)ဦး အောင်မြင်ခဲ့ပြီး ၅ ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၄၀)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၈)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၄၀)ဦးနှင့် ရိုးရိုးဖြင့်အောင်မြင်သူ (၃၀၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၇၇ ဒဿမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှဝင်း