နမ့်စန်(တ) ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၇၉ ဦး ဖြေဆိုအောင်မြင်ကာ အောင်မြင်မှု ရာခိုင်နှုန်း ၆၀.၆၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)လာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၅ ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် ၄၄ ဦးရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့်သမိုင်း ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရအောင်(ပြန်/ဆက်)