မိုင်းရှူး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၅)နာရီအချိန်က မိုင်းရှူး၊ ဝမ်ကန်အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(မိုင်းရှူး)စာစစ်ဌာနနှင့် အထက(ဝမ်ကန်)စာစစ်ဌာန စာစစ်ဌာန (၂)ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၉)၊ ကျောင်းသူ (၅၆)ဦး၊ စုစုပေါင်း(၈၅)ဦးအထိရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား (၁၆)ဦး၊ ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်း (၅၆)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၆၅.၈၈)ရာခိုင်နှူန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သန်းလူ(ပြန်/ဆက်)