ညောင်ဦး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ် လက်ခံလျက်ရှိရာ ဇွန် ၈ ရက်နေ့ထိ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၇၇၈၇၄)ဦးရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံမှ သိရသည်။
ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ဆရာ/ဆရာမများက သက်ဆိုင်ရာအတန်းအလိုက် စနစ်တကျ ကျောင်းအပ်လက်ခံပေးခဲ့ပြီး KG တန်းမှ Grade -12 အထိ ကျောင်းသား/ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏လမ်း ညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ဇွန် ၆ ရက်နေ့ထိ ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၂၅၀၆၄)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၇၅၂၃)ဦး၊ Grade -10 မှ Grade -12 ထိ ကျောင်းသား/ကျောင်းသူ (၂၁၆၄) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၂၉၈၀၀)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၉၇၅၅)ဦး၊ Grade -10 မှ Grade -12 ထိ ၊ ကျောင်းသား/ကျောင်းသူ (၃၅၆၈) ဦး၊ လာရောက်အပ်နှံခဲ့ကာ ညောင်ဦးခရိုင်၌ ကျောင်းသား/ကျောင်းသူ (၇၇၈၇၄)ဦး လာရောက်အပ်ထားရှိပြီး ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူများလည်းရှိနေ နိုင်သေးရာ ဆက်လက်ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဒီပါလင်း