မောက်မယ် ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုသူ စုစုပေါင်း (၃၁)ဦးအနက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ အောင်စာရင်းများထွက်ရှိ ကပ်ထားရာ (၁၆)ဦး ဖြေဆိုအောင်မြင်ပြီး ရာခိုင်နှုန်းအရ ၅၁.၆၁% အောင်မြင်ကြောင်းနှင့် လင်းခေးခရိုင်အတွင်း အောင်ချက်အကောင်းဆုံးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)