လယ်ဝေး ဇွန် ၉
၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၆၆.၇၄ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၀ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၃၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၈၉၇ ဦး အောင်မြင်ခဲ့သည်။ ငါးဘာသာဂုဏ်ထူးရှင် ၂ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၈ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၀ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၂၉ ဦး၊ စုစုပေါင်း ၃၂၃ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)