၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကံမမြို့နယ်မှ ကျောင်းသား ကျောင်းသူ (၇၉.၄၁)ရာခိုင်နှုန်း အောင်မြင်

ကံမ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ယနေ့နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့်  အခြေခံပညာအထက်တန်း(ကံမ)တွင် ကပ်ထားကြေညာထားရှိရာ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ကံမမြို့နယ်တွင်   ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသားကျောင်းသူ(၂၀၄)ဦး ဝင်ရောက်ဖြေဆိုရာ (၁၆၂)ဦးအောင်မြင်၍ အောင်မြင်မှုရာခိုင်နှုန်း(၇၉.၄၁)ရှိပြီး  (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၃၅)ဦး စုစုပေါင်းဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ (၆၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)