ဟိုပုံး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ထုတ်ပြန်ကြေညာသည်။
ထိုသို့ထုတ်ပြန်ရာတွင် ဟိုပုံးမြို့နယ်တွင် စာစစ်ဌာနတစ်ခုတည်းရှိပြီး ဖြေဆိုကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၉၈)ဦး စုစုပေါင်း(၂၉၃)ဦး၊ အောင်မြင် ကျောင်းသား(၅၁)ဦး၊ ကျောင်းသူ(၁၂၅)ဦး စုစုပေါင်း(၁၇၆)ဦး ငါးဘာသာဂုဏ်ထူး(၃)ဦး၊ လေးဘာသာဂုဏ်ထူး(၄)ဦး၊ သုံးဘာသာဂုဏ်ထူး(၈)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၁၀)ဦးနှင့် တစ်ဘာသာဂုဏ်ထူး(၆၂)ဦး ရာခိုင်နှုန်းအားဖြင့် (၆၀.၀၇)ရာခိုင်နှုန်း၊ ဆီဆိုင်မြို့နယ်တွင် စာစစ်ဌာနသုံးခုရှိပြီး ဖြေဆိုကျောင်းသား(၅၈)ဦး၊ ကျောင်းသူ(၁၈၃)ဦး စုစုပေါင်း(၂၄၁)ဦး၊ အောင်မြင်ကျောင်းသား(၂၈)ဦး၊ ကျောင်းသူ(၁၁၅)ဦး စုစုပေါင်း(၁၄၃)ဦး ငါးဘာသာဂုဏ်ထူး(၁)ဦး၊ သုံးဘာသာဂုဏ်ထူး(၅)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၆)ဦးနှင့် တစ်ဘာသာဂုဏ်ထူး(၂၄)ဦး ရာခိုင်နှုန်းအားဖြင့် (၅၉.၃၄)ရာခိုင်နှုန်း၊ ပင်လောင်းမြို့နယ်တွင် စာစစ်ဌာန(၅)ခုရှိပြီး ဖြေဆို ကျောင်းသား(၂၆၀)ဦး၊ ကျောင်းသူ(၅၃၇)ဦး စုစုပေါင်း(၇၉၇)ဦး၊ အောင်မြင်ကျောင်းသား(၁၇၄)ဦး၊ ကျောင်းသူ(၄၁၉)ဦး စုစုပေါင်း(၅၉၃)ဦး ငါးဘာသာဂုဏ်ထူး(၄)ဦး၊ လေးဘာသာဂုဏ်ထူး(၈)ဦး၊ သုံးဘာသာဂုဏ်ထူး(၂၃)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၄၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူး(၁၆၀)ဦး ရာခိုင်နှုန်းဖြင့် (၇၄)ရာခိုင်နှုန်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် တို့တွင် ဖြေဆိုကျောင်းသား(၄၁၃)ဦး၊ ကျောင်းသူ(၉၁၈)ဦး စုစုပေါင်း(၁၃၃၁)ဦး၊ အောင်မြင်ကျောင်းသား (၂၅၃)ဦး၊ ကျောင်းသူ(၆၅၉)ဦး စုစုပေါင်း(၉၁၂)ဦး ငါးဘာသာဂုဏ်ထူး(၈)ဦး၊ လေးဘာသာဂုဏ်ထူး(၁၂)ဦး၊ သုံးဘာသာဂုဏ်ထူး(၃၆)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၅၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူး(၂၄၆)ဦး ရာခိုင်နှုန်းအားဖြင့် (၆၈.၅၂)ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရေးမှူးရုံးမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)