လောက်ကိုင် ဇွန် ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် အမှတ်(၂) ရပ်ကွက် အ-ထ-က(၁) စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ထားကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူ (၃၉)အနက် (၈)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၀.၅၁ ရာခိုင်နှုန်းရှိခဲ့ပြီး (၁)ဘာသာဂုဏ်ထူးတစ်ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)