မြင်းခြံ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ ၁၉၂ ဦးရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် (၆)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၉) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄၀) ဦး၊ ရိုးရိုးအောင်မြင်သူ ၁၁၃ ဦးတို့ အောင်မြင်ခဲ့ကြောင်း သိရှိရပြီး မြင်းခြံမြို့နယ်ချုပ် အောင်ချက်ရာခိုင်နှုန်းမှာ (၅၉.၂၆) ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြင်းခြံမြို့နယ်ရှိ စာစစ်ဌာန(၂)၌ ကျောင်းသား/ကျောင်းသူ (၃၂၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၉၂) ဦး ဖြေဆိုအောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူး ရုံးတွင် ထုတ်ပြန်ကြေညာထားပြီး မြန်မာနိုင်ငံစာစစ်ဌာန Website မှလည်း ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)