မိုင်းဖြတ် ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(မိုင်းဖြတ်)တို့တွင် ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ကြေညာချက်အရ မိုင်းဖြတ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး ဖြေဆိုအောင်မြင်လျက်ရှိပြီး ဇီဝဗေဒဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ဘောဂဗေဒဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ပထဝီဝင်ဘာသာရပ် ဂုဏ်ထူးရှင် ၁ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေ (၁၅) ဦး၊ အလွတ်ဖြေ (၄၇) ဦး စုစုပေါင်း (၆၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ (၄၅.၁၆) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြို့နယ်(ပြန်/ဆက်)