ကန့်ဘလူမြို့နယ်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၄ ဒသမ ၂၄ ရာခိုင်နှုန်းအောင်မြင်

ကန့်ဘလူ ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၉ ရက်က တစ်နိုင်လုံး အတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှရ ဝင်ရောက်ဖြေဆိုသူပေါင်း ၈၂၇ ဦးရှိးခဲ့ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသား ၂၃၆ ဦး၊ ကျောင်းသူ ၃၇၈ ဦး စုစုပေါင်း ၆၁၄ ဦးရှိကာ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၇၄ ဒသမ ၂၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ထိုသို့ ဖြေဆိုအောင်မြင်သူများအနက် ၆ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅၈ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၄၇ ဦး ရှိခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)