ကျောက်တံခါး ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ရှိ အ.ထ.က(ကျောက်တံခါး)စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆို ခဲ့သော ကျောင်းသားကျောင်းသူ ၄၇၆ ဦးတွင် ၃၇၅ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ကျောက်တံခါး)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား အ-ထ-က(ကျောက်တံခါး)စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာ သင်ပုန်း များဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၄၇၆)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၇၈ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၃၇၅) ဦးအောင်မြင်ခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင် (၉၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇)ဦးနှင့် ရိုးရိုးအောင် (၂၂၅)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)