နမ့်ဆန် ဇွန် ၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်က နမ့်ဆန်မြို့နယ် ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ အောင်ချက်ရာခိုင်နှုန်း (၇၀.၇၃)ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်အတွင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁)ခုတွင် ကျောင်းသား/ကျောင်းသူ(၂၀၅)ဦး ဖြေဆိုခဲ့ရာ (၁၄၅)ဦးအောင်မြင်ခဲ့ကြောင်း သိရပြီး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၂၂)ဦးနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၇၂) ဦး ရိုးရိုးအောင်မြင်သူ(၇၃)ဦး စုစုပေါင်း(၁၄၅)ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)