၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ စလင်းမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၇၇.၇၈) ရာခိုင်နှုန်း‌ အောင်မြင်

စလင်း ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ စလင်းမြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတို့တွင် ကပ်ထားကြေငြာထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၈၂) ဦး ဝင်ရောက်ဖြေဆိုရာ (၆၈၆) ဦး၊ အောင်မြင်မှုရာနှုန်း (၇၇.၇၈) ရာခိုင်နှုန်းရှိပြီး (၆)ဘာသာဂုဏ်ထူးဖြင့် (၁) ဦး၊ (၅)ဘာသာဂုဏ်ထူးဖြင့် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် (၇) ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် (၁၈)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် (၅၆)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် (၁၇၉)ဦး၊ ဂုဏ်ထူးရသူစုစုပေါင်း (၂၆၂)ဦး ဖြေဆိုအောင်မြင်ခဲ့ကာ ရိုးရိုးအောင်မြင်သူပေါင်း (၄၂၄)ဦးရှိပြီး စလင်းမြို့နယ်စာစစ်ဌာနအသီးသီတို့မှ ဝင်ရောက်ဖြေဆိုသူ (၈၈၂)ဦး ဖြေဆိုကြရာ (၆၈၆)ဦး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)