ဇမ္ဗူသီရိ ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၅၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနခြောက်ခုတွင် ကျောင်းသား ကျောင်းသူ ၉၀၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ လေးဘာသာဂုဏ်ထူးဖြင့် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် ၂၈ ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် ၉၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၂၇ ဦး စုစုပေါင်း ၄၆၆ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)