ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းနှင့် ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်း သား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင် ကြားနိုင်‌ရေး ကျောင်းဥပဓိရုပ်ကောင်းမွန်လှပစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပေါင်းလင်း ကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း (ပေါင်းလင်း)နှင့် ပေါင်လင်း အခြေခံ ပညာအထက်တန်‌ကျောင်း(ခွဲ)တို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

တကောင်းမြို့ရှိ ဒေသခံပြည်သူများ ကိုဗစ်​-၁၉ရောဂါ ကြိူတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သက်မှတ်စုရပ်များ၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းထွန်း ခိုလမ်မြို့ ၊ နမ့်ဟူးဂူ ကျေးရွာတွင်ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းထွန်းသည် ယမန်နေ့ နံနက် (၈) နာရီက နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ နန့်ဟူးဂူ ကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ မန်ဂျန်ရှားပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

၂၀၂၃ ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲ(မန္တလေး) (Green Energy Fair 2023) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၇၀ x ၇၂လမ်းကြား၊ သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ၂၀၂၃ ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲ (မန္တလေး) (Green Energy Fair 2023) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ် ဇီးဒိုင်ကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဇီးဒိုင်ကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာတွင် ယမန်နေ့နံနက် (၀၄:၂၀) အချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်​ရေးအသိပညာ​ပေး​ဟော​​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့်မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ည​နေပိုင်းကဖား​ဆောင်းမြို့၊ ​မြောက်ပိုင်းရပ်ကွက်ရှိအ​ခြေခံ ပညာအထက်တန်း​ကျောင်း(ပညာရတနာခန်းမ)​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

သန်လျင်နာရေးကူညီမှုအသင်း၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အလှူငွေများ ပါဝင် လှူဒါန်းနိုင်

သန်လျင်မြို့နယ်၊ နာရေးကူညီမှုအသင်းအောက်ဆီဂျင်စက်ရုံကို အများပြည်သူလိုအပ်ချက်အရ သန်လျင်အမိုးနီသုသာန်အနီးတွင် ယာယီတည်ဆောက်၍ ကျန်းမာရေးအတွက် လိုအပ်သော အောက်ဆီဂျင်များအားဆောင်ရွက်ပေးခဲ့သည်။
Subscribe to